Saturday, May 23, 2009

အလင်းကြိုတေး

**************

သောက်တော် ရေချမ်း
သစ်သီး ဆွမ်းနှင့်---။

နံ့သာ မွှေးထုံ
ဆီမီး စုံနှင့်---။

တံခွန် ကုက္ကား
မလေးပွား နှင့်---။

ဘုရား ဝတ်ပြု
နေ့စဉ်မှု လို
ကြေးစည်ကို ထု
ကုသိုလ် ယူစေ
အမျှ ဝေ၏---။

အို--မိမိ
မင်္ဂလာကြက်သရေ အပြည့်---။

ကိုယ့်ရင်တွင်းမှာ ပီတိဖြာ
စမ်းချောင်းတရာ
စီးဆင်းကာသွား
ကဗျာ စန္ဒယား တီးခတ်
အသံလှိုင်း အတက် အဆင်းကို မှတ်သား
အလင်းကြို တေးများ
ရေးသား မိချေပြီတကား---။ ။

သန်းစိန်

No comments:

Post a Comment