********
လေတွေလာလို့ မိုသံဟိန်း
ဂျိုးဂျို ဂျိန်းဂျိန်း---။
ဟိန်းသလောက်လည်း မသဲပါ (သည်း)
ဖြိုးဖြိုး ဖြောက်ဖြောက်ရွာ---။
သင်္ကြန်ခါမှို့ ပလ္လင်ဆေး
ကြည်ကြည် အေးအေး---။
မိုးရေအေးလို့ ငုပန်းဖြာ
ဝင်းဝင်း ထိန်ထိန်ဝါ---။
ဥသြညိုပြာ တေးသံကြူး
ရွှင်ရွှင် မြူးမြူး---။
ထူးထူး မြတ်မြတ် သည်အတာ
နွှဲကြ ပျော်ရွှင်စွာ---။
ရွာဦးကျောင်းက စေတီမှာ
ဆည်းလည်းသံ သာသာ---။
နံ့သာရေနဲ့သပ္ပါယ်လောင်း
နှစ်သစ်မာ စေကြောင်း---။ ။
(နန်းခမ်းဘိုလေး ဆိုဖို့)
သန်းစိန်
Saturday, May 23, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment