Saturday, May 23, 2009

အကျဉ်းတန်

********

ဒီနေ့
ကဗျာရွာတွေကို လျှောက်လည်တယ်
ကဗျာဆရာတွေရဲ့ ကဗျာဟာ
သိပ်ကို ကဗျာ ဆန်ကြတယ်ဗျာ---။

နိမိတ်ပုံ ရသမ်တွေ လွှမ်းပြန်တော့
ဆန်း သမျှ အဆန်း
လန်း သမှ လန်း
ရောင်စုံပန်းသို့ အလှဝေ---။

ကဗျာဆရာတွေလည်း
ကဗျာတွေလိုပဲ
ကဗျာဆန်ကြမှာပဲ လေ---။

ကဗျာတွေ လှတော့
ကဗျာဆရာတွေလည်း လှကြပေမယ်ပေါ့---။

ဟော--ဒီက(ငမြတ်စံ)
အကျဉ်းတန်ရတာက
ရှေးဟောင်းစာ ကြေး ပုရပိုဒ်
မကျီးမှဲ့နဲ့ တိုက်သလို
ဝင်းလာလို လက်လာငြား
ခွေး တံဆိပ် ဓာတ်ပြား
ဖွင့်မိလျှက်သား ကို---။

သန်းစိန်
(မကျီး=မန်ကျီး)

No comments:

Post a Comment