**********************
အလှမွေး ခွေးကလေး
ဖြူဖြူ ဖွေးဖွေး
လူစိမ်းလာ ဟောင်လိုက်သေး
ဝုတ်ဝုတ် သံပေး---။
သခင်ကျွေးတဲ့ အစာ
စားလာတာ ကြာပြီပဲ
ဝုတ်ဝုတ်တော့ ဟောင်ရမှာပဲ---။
တနေတော့ ဧည့်စိမ်းလာ
ခါတိုင်းလို ဟောင်မိရှာမှ
သခင်လာ ဆီးလို့ပိတ်---။
ဟိတ်--တော် တန် တိတ်---။
နံဘေး ပိတ်ကန်
ဂျွန်းပြန်လို့ အကျနာ
ခြေထောက်လေး တဆာဆာနဲ့
မျက်နှာလေး မသာမယာကွဲ့
ခေါင်းတခါခါ စောင်းတငဲ့ငဲ့---။
ညီမရဲ့ လာလေကွာ
အိမ်ထဲမှာ ဝင်ရအောင်
ဒီအကောင် မဟောင်ရဲတော့ပါဘူး---။
ကဲ--မျက်နှာ လုပ်ချင်အုံး---။ ။
သန်းစိန်
Monday, June 1, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment