Saturday, May 23, 2009

မှာတမ်း

*****














မိန်းမရေ---
ငါ--သွားတော့မယ်အေ
ဒီတိုင်းပြေ (ပြည်)
ကြာကြာ မနေဘူး
အာဏာရူးတဲ့
စစ်ဘီလူးတွေ -မုန်းလွန်းလို့---♥

ကဲ--မသွားခင် စပ်ကြား
ငါ--မှာထားမယ်
နားထောင်---♥

ရွာဦးကဆရာတော်ရဲ့ ဆုံးမစကား
မြေဝယ်မကြ နားဆင်
အိပ်ယာဝင် ဘုရားရှိခိုး
ကြားလား--
ညီးက ဘုရား တရား မေ့တတ်တယ်---♥

နေဝင်ဝင် မိုးချုပ်ချုပ်
ကောက်စိုက် ပျိုးနှုတ်
ဘယ်အလုပ်မှ မငြင်းနဲ့
ထမင်းတလုပ်တော့
ထင်းခုတ်တောင် စားရမှာပါ--အေ---♥

ညိ သမီးနဲ့သား
ကျောင်း မထားနိုင်ရင်
စာအုပ်စဉ်ကို ညွှန်ပြ
မင့်အဖေ ကျောင်းကွ လို့ပြော
စာဖတ်ကြပစေ
ပညာတွေ ပေါမှပေါ---♥

ငါ မရှိခိုက်
ဗိုင်းကောင်း ကျောက်ဖိ
ပိပိ ရိရိနေ
မိန်းမတို့ က္ကနြေ္ဒ
ရွှေပေးလို့ မရ--တဲ့
မှတ်ထား---♥

ဒီမိုကရေစီ ရတော့
ငါ ပြန်လာမှာပေါ့
အသက်တော့ ပါချင်မှ ပါမယ်ဟေ့---♥

သွားတော့မယ်အေ
ဒီတိုင်းပြေ (ပြည်)
ငါ မနေဘူး
အာဏာရူးတဲ့
စစ်ဘီလူးတွေ မုန်းလွန်းလို့---♥

ကဲ---ကဲ---
မျက်ရည်လေး တစမ်းစမ်းနဲ့
ငါ့ကို မှန်းမှန်းပြီး
လွမ်းလွမ်း မနေနဲ့
မချစ်လို့တော့ ဟုတ်ဖူးနော်---♥ ♥

သန်းစိန်
လွန်ခဲ့သော(၁၉)နှစ်တာ ကာလများဆီသို့---

No comments:

Post a Comment