Saturday, May 23, 2009

စုဆောင်းမိသမျှ

**********
လောဘ
ဒေါသ
မောဟ ဆိုတဲ့
အတ္တ ဥာဉ်ဆိုး
ငါ့ကို စိုးမိုးနေပြီ-။

ငါ့သား
-မြေး
-မြစ်
-တီ
---တွတ်
ထွဋ်မြတ် ပြုစေ
အမွေ တခု
ငါစု ထားတယ် ။

---စိန်
---ရွှေ
---ငွေ
---မြေ မဟုတ် ။

တိုက်တာ ပတ္တမြား
စပါး
ကားလည်း မဟုတ် ။

ကဲ--ရော့--ယူလေ








အမွေ အနှစ်
တိုင်းပြည် ချစ်စိတ် ။ ။

သန်းစိန်
ပန်းစကားမဂ္ဂဇင်း-အမှတ်(၂ဝ)

No comments:

Post a Comment