*************
ညညဆို ကိုယ့်ရင်ထဲ
သူအမြဲ လာတယ်
ဘယ်ရပ်ကယ် ဘယ်ရွာကမသိ---။
သူလာလာ ကလိတော့
နေမထိ ထိုင်မသာ
အိပ်ရတာ ဘယ်ပျော်ပါ့မလဲ---။
ဟိုဒင်း ဟိုကဗျာတဲ့
ဘယ်လင်္ကာ ဘာရသ
ဘယ်ဂိုဏ်က ဘာနဲ့
ဖန်ခါခါ ထပ်ခါထပ်ခါ ပြောပြန်တော့
စိတ်ဆိုးဟန် တမင်ဆောင်လည်း
သန်းခေါင်လွဲတောင် သူမပြန်
နှင်ရန်က ခက်ပါဘိ---။
အို--တစ်မိခင်ရယ်
နှိပ်စက်မယ်လို့ ကြံရော့သလား
အိပ်ပျက်တွေ အတန်တန်များပြီမှို့
တားပရစေတော့ ခင်ရယ်---။
ကြာကြာလာလျှင်
စေတနာတွေ တိုး
ဝေဒနာတွေ ပျိုးပျိုးပြီး
ကဗျာတွေ ညှိုးမှာစိုးတယ်ကွယ်
ခင်ရယ်--နောက်မလာပါနဲ့နော်---။ ။
သန်းစိန်
No comments:
Post a Comment