********
အချစ်ဆိုတာ---
ဘောင်းဘီထဲ မီးပွားကြသလို
အင်မတန် ပူလောင်ပြီး
ခါထုတ်ရ အလွန်ခက်သတဲ့
ကမောက်ကမ ဒဿနတွေထင်ပါရဲ့---။
ဘဝဆိုတာဗျာ---
ခရမ်းချဉ်သီး ညှစ်သလိုမျိုး
ရှေ့ကိုညှစ်သော်လည်း
နောက်ကိုပြန်စင် တတ်တယ်ဆိုပဲ---။
ကျုပ်တော့---
ချစ်လည်း မချစ်ချင်
ညှစ်လည်း မညှစ်ချင်တော့ပါဘူး---။
သန်းစိန်
Thursday, February 26, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment